![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၃_4.jpg?itok=PbOiokN_)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ ပေါက်တန်းကျေးရွာသို့သွားရောက်၍ တိုင်ထောင် (ပဲသီး) စိုက်ပျိုးသူတောင်သူနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ထိုသို့တွေ့ဆုံမေးမြန်းရာတွင် တိုင်ထောင် (ပဲသီး) တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့ထုပ် (၁၀) ထုပ်ခန့်စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၅၀၀၀) ကျပ်ပေးရကြောင်း၊ (ဆေးဖိုး၊ အလုပ်သမားခ၊ တိုင်ထောင်ရာတွင် ဝါးဖိုး၊ တန်းပြုလုပ်ရာတွင် ကြိုးဖိုး) စုစုပေါင်းကုန်ကျစရိတ်မှာ (၃၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၄၅-၅၀)ရက်ခန့်ကြာပါက စတင်ခူးဆွတ်နိုင်ကြောင်း၊ ထွက်ရှိလာသောပဲသီးများကို ကုန်စိမ်းဒိုင်များက ခြံအရောက်လာရောက်ဝယ်ယူမှုရှိပြီး ပဲသီးစတင်ထွက်ရှိချိန်တွင် တစ်တောင့်လျှင် (၁၅-၂၀)ကျပ်နှုန်းရရှိကြောင်း၊ ခူးဆွတ်ရောင်းချရက်အနေဖြင့် (၄၅)ရက်ခန့်ကြာမြင့်ပြီး အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး (၃၇၀၀၀၀)ကျပ်ခန့်ရရှိကြောင်း တိုင်ထောင် (ပဲသီး) စိုက်ပျိုးသူ တောင်သူများထံမှသိရှိရပါသည်။
DOCA(ပဲခူး)