Main menu

၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၄.၃ သန်းခန့် အင်ဒိုနီးရှား တင်သွင်းရဖွယ်ရှိ

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှုမရှိပါက ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၃ သန်းအထိ တင်သွင်းရနိုင်ကြောင်း အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ၏ အတွင်းရေးမှူး Sarwo Edhy က ၂၂-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားအစိုးရသည် ယခုနှစ်၌ ဆန်တန်ချိန် ၃.၆ သန်းကို တင်သွင်းရန် စီစဉ်ထားရှိပြီး ဇန်နဝါရီလမှ မေလအတွင်း တန်ချိန် ၂.၂၂ သန်းကို တင်သွင်းခဲ့ပြီး ဖြစ်သည်။ မိုးခေါင်ခြောက်သွေ့မှု၊ ရေကြီးမှုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် သီးနှံရိတ်သီးမှုကို ထိခိုက်မှုရှိမှသာ နောက်ထပ်တိုးမြှင့် တင်သွင်းရန် လိုအပ်မည်ဖြစ်သည်ဟု အင်တာနက်ကွန်ယက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ Sarwo က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

     အင်ဒိုနီးရှား စာရင်းအင်းအေဂျင်စီက ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၅၂% ခန့် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ လူဦးရေ သန်းပေါင်း ၂၇၀ ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် ရာသီဥတုဆိုးရွားမှုကြောင့် သီးနှံထွက်ရှိမှု ကျဆင်းခဲ့သဖြင့်  ပြည်တွင်းဈေးကွက်အတွင်း အဓိကစားသုံးကုန်ဖြစ်သည့် ဆန်ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ယခုနှစ် ဇွန်လ၌ ၁၂% ပိုမို မြင့်တက်လာခဲ့သည်။

Source: Hellenic Shipping News, 23 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)