Main menu

“ တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ၊ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ပိတ်စွယ်ကျေးရွာ၊ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

         အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ပိတ်စွယ်ကျေးရွာအခြေခံမူလွန်ကျောင်းမှ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံနိုင်စေမှု၊ ဘေးအန္တရာယ်ကင်းရှင်းနိုင် စေမှု၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိစေနိုင်မှု၊ လွတ်လပ်စွာရွေးချယ်ဝယ်ယူနိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်စေမှု စသည့် စားသုံးသူအခွင့်အရေးပါအချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူ၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများမရှိစေရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ရရှိထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲသင့်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)