Main menu

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောခြင်း

Powered by Drupal

       လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ  ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ မြို့နယ်ကျန်းမာရေးခန်းမတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များတက်ရောက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာကြူကြူသင်းက ယခုကာလသည် မိုးတွင်းကာလဖြစ်သည့်အတွက် ယခုရက်ပိုင်းတွင် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါများဖြစ်ပွားနေပါသည်။ ထိုသို့ ဝမ်းပျက်/ ဝမ်းလျောရောဂါဖြစ်ပွားရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသောရေနှင့် အစားအသောက်များအား စားသုံးမိခြင်းမှ ဖြစ်ပေါ်လာသောရောဂါဖြစ်ပြီး ၎င်းဖြစ်ပွားမှုကို မပြန့်ပွားအောင် တားဆီးကာကွယ်ရန် အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုမည့်သောက်သုံးရေတွင် ကလိုရင်း/ရေသန့်ဆေးပြားများထည့်သွင်း၍အသုံးပြုမှသာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရရှိမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)