Main menu

၂၀၂၄ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုအလားအလာမှာ ဆိုးရွားလျက်ရှိ

Powered by Drupal

    ဝယ်လိုအားများနည်းပါးလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ဆီးမီးကွန်ဒတ်တာများနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့မှုမှာ ယခုနှစ်တွင် ကျဆင်းဖွယ်အလားအလာများရှိကြောင်း Philippines Foundation, Inc (SEDPI) က ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်။

       တိုးတက်ရန်လက္ခဏာများရှိနေသော်လည်း တင်ပို့မှုမှာ ၁၀%အထိလျော့နည်းသွားရန် ခန့်မှန်းထားကြောင်း၊ ၎င်းကို ၁နှစ်ပတ်လုံးစာ ပရောဂျက် Linearize လုပ်ပါက ၂၀၂၃ခုနှစ်တွင် ၄၆ဘီလီယံရှိကြောင်း၊ ကုန်ပစ္စည်းရောထွေးမှုပူးပေါင်းစပ်ပြင်ဆင်မှုတို့ကြောင့် ၂၀၂၃ခုနှစ်၏ အဆင့်သို့ရောက်ရှိရန် မျှော်မှန်းထားကြသော်လည်း ဘုတ်အဖွဲ့ဝင်များ၊ နိုင်ငံစုံမှ လုပ်ငန်းရှင်ကြီးများနှင့်ဆွေးနွေးကြည့်သောအခါ ခန့်မှန်းချက်မှာ ၁၀%အထိလျော့နည်းသွားခဲ့ကြောင်း SEIPI ဥက္ကဋ္ဌ Darilo Lachica က ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

       ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ပမဏာမအချက်အလက်များအရ မေလတွင် အီလက်ထရောနစ်ပစ္စည်းများတင်ပို့မှုစုစုပေါင်းသည် ကန်ဒေါ်လာ ၃.၅၆ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၃.၃၇ဘီလီယံထက် ၅.၁%လျော့ကျသွားကြောင်းပြသခဲ့သည်။

      ထရပ့်အား လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုကြောင့် နိုင်ငံ၏အီလက်ထရွန်နစ်ထုတ်ကုန်များဝယ်လိုအားကို သက်ရောက်မှုရှိနိုင်သော်လည်း အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ အတွက် ထိပ်တန်းအီလက်ထရွန်းနစ်ပစ္စည်းများတင်ပို့သည့် နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် အပြုသဘောဆောင်သော ပို့ကုန်များအပေါ် တန်ဖိုးတပ်တိုးအခွန်ကိုဖယ်ရှားရန်နှင့် ဖိလစ်ပိုင်စီးပွားရေးဇုန်အာဏာပိုင် (PEZA) ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြန်လည်ရယူရန် ကော်ပိုရိတ်ပြန်လည်ထူထောင်ရေးတို့အား SEIPI မှ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

        PEZA ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရယူခြင်းသည် ဘဏ္ဍာရေးမက်လုံးများ ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့မှာ အဟန့်အတားဖြစ်မည်မဟုတ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတွင် အထောက်အကူဖြစ်မည်ဟု Mr.Lachia က ပြောကြားခဲ့သည်။

Source : bword online

DOCA(ရန်ကုန်)