Main menu

အာဂျင်တီးနားနှင့် ဗီယက်နမ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သင့်ကြောင်း အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီးပြောကြား

Powered by Drupal

     အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Diana Mondino က အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Ngo Minh Nguyet ကို နိုင်ငံနှစ်နိုင်ငံအနေဖြင့် အပြန်အလှန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့သင့်ကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ Mondino က အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကနိုင်ငံများနှင့်ဖွဲ့စည်းထားသည့် Southern Common Market(MERCOSUR)ကို ပြန်လည်ပြုပြင်ပြောင်းလဲရန် အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေပြီး ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAS)ကို ဆွေးနွေးညှိနှိုင်းသွားမည်ဟုသိရပါသည်။ အာဂျင်တီးနားနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် အခွန်အကောက်ကို ၂ဆအထိ ကင်းလွတ်ခွင့်ပြုမည့် သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရေး ကြိုးပမ်းသွားမည်ဟုသိရပါသည်။ Mondino က အာဂျင်တီးနားနိုင်ငံအနေဖြင့် ဗီယက်နမ်နှင့် နည်းပညာမြင့်စိုက်ပျိုးရေး(အထူးသဖြင့် ဆန်ထုတ်လုပ်ခြင်း)နှင့် တချို့အပင်အမျိုးအစားများစိုက်ပျိုးခြင်းနယ်ပယ်တို့တွင် အတွေ့အကြုံနှင့်နည်းပညာများကို အပြန်အလှန်ဝေမျှသွားမည်ဟု ပြောကြားခဲ့ပါသည်။ သံအမတ် Nguyet ကလည်း အာဂျင်တီးနားနိုင်ငံ၏ လတ်တလောစီးပွားရေးမူဝါဒအသစ်များကိုကြိုဆိုကြောင်းနှင့် စီးပွားရေးတိုးချဲ့မှုသည် နှစ်နိုင်ငံလုံးအတွက်အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့ရန်နှင့် ပိုမိုနက်ရှိုင်းရန်အတွက် ဗီယက်နမ်နိုင်ငံသည် အနာဂတ်တွင် နယ်ပယ်ပေါင်းစုံမှ အမြင့်ပိုင်းနှင့် အဆင့်ပေါင်းစုံရှိသူများ လည်ပတ်မှုဆက်လက်မြင့်တက်လိမ့်မည်ဟုပြောကြားခဲ့ပါသည်။ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh သည် ယခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသို့ အလည်အပတ်သွားရန်စီစဉ်သည်ဟုသိရပြီး နှစ်နိုင်ငံအနေဖြင့် ပါတီ၊ ပါလီမန်အချင်းချင်း အပြန်အလှန်လည်ပတ်မှုများ၊ အစည်းအဝေးများပြုလုပ်သွားမည်ဟုသိရပါသည်။ Nguyet သည် ပါရာဂွေးနိုင်ငံတွင်ကျင်းပခဲ့သည့် FTA နှင့်ပတ်သက်၍ MERCOSUR အစည်းအဝေးတွင် အာဂျင်တီးနားနိုင်ငံက ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံကိုထောက်ခံခဲ့ပြီး အပေါင်းလက္ခဏာဆောင်သည့်အချက်များပြုလုပ်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် အာဂျင်တီးနား၏ ဗျူဟာမြောက်ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၅ဘီလီယံရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။   

Source: Vietnam Plus

DOCA(ရန်ကုန်)