Main menu

“ဈေးကွက်အတွင်း ဆီထွက်သီးနှံဈေးနှုန်းမြင့်တက်လျက်ရှိ”

Powered by Drupal

      မိတ္ထီလာမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကို ဒေသတွင်းစိုက်ပျိုးကြပြီး၊ ထွက်ရှိသောသီးနှံများကို ဆီကြိတ်ခွဲထုတ်လုပ်ခြင်း၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချမှုရှိပြီး၊ ရာသီကုန်ချိန် ဈေးကွက်လိုအပ်ချက်များကို အခြားဒေသများဖြစ်သည့် မန္တလေး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မကွေးမြို့များမှ ဝယ်ယူကြိတ်ခွဲထုတ်လုပ်ရောင်းချကြပါသည်။

     ယခုဇူလိုင်လ စတုတ္တပတ်တွင် မြေပဲဆန်တစ်ပိဿာလျှင် (၇၈၀၀) ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် (၈၂၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၀၆၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၆၀၀၀၀) ကျပ်၊ နေကြာတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၅၀၀-၁၆၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်၊ မြေပဲဖတ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၁၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခင်ဇွန်လ စတုတ္တပတ်တွင် မြေပဲဆန်တစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် (၇၃၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၀၂၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၄၀၀၀၀) ကျပ်၊ နေကြာတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်၊ မြေပဲဖတ်တစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၉၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၉၀၀) ကျပ်ဈေးသာရှိခဲ့ပြီး ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံကုန်ကြမ်း/ကုန်ချောဈေးနှုန်းများမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းကုန်လက်ကျန်နည်းပါးပြီး အခြားဒေသမှ ဝယ်ယူရသဖြင့် သယ်ယူစရိတ်များမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်များမှသိရှိရပါသည်။

DOCA(မန္တလေး)