စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇူလိုင်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇူလိုင်လ တတိယပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၁၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၆၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇူလိုင်လ စတုတ္ထပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၂၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၆၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့် ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင် များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)