Main menu

ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်သို့ သွားရောက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည်  (၂၄-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်စက်သို့သွားရောက်၍ ဆန်၊ စပါးသိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချသည့်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသောဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်များထက် မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရန်နှင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ /ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများကို Update ပြုလုပ်ကြရန်နှင့် သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)