Main menu

HMD သည် အိန္ဒိယတွင် Smart Phone များ ထုတ်လုပ်ကာ ကမ္ဘာအနှံ့သို့တင်ပို့မည်

Powered by Drupal

      ပြင်သစ်နိုင်ငံပိုင် အိန္ဒိယအခြေစိုက် HMD ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏အမှတ် တံဆိပ် Smart Phone အသစ်များအားလုံးကို ထုတ်လုပ်ပြီး ကမ္ဘာ့အခြားဒေသများသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း ထိပ်တန်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၅ ရက် (ကြာသပတေး)နေ့က ပြောကြားခဲ့သည်။

     HMD Global တည်ထောင်သူ၊ ဥက္ကဌနှင့် CEO ဖြစ်သူ Jean Francois Baril က အိန္ဒိယတွင် ထုတ်လုပ်နေသော Mobile Phone များသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်နေသော  Mobile Phone များနှင့် တန်းတူယှဉ်ပြိုင်နိုင်လာပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

      ကုမ္ပဏီသည် 50-megapixel(MP) Selfie Camera ပါဝင်သော HMD Crest အမှတ်တံဆိပ် Smart Phone Series ကို ထုတ်ဖော်ပြသခဲ့သည်။

     ထို HMD Crest Smart Phone Series အား အိန္ဒိယနိုင်ငံတွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး အိန္ဒိယဈေးကွက်အတွက်သာမကပဲ နိုင်ငံရပ်ခြားဈေးကွက်များအတွက်ပါ တင်ပို့ရောင်းချနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Baril က ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံပိုင် အိန္ဒိယအခြေစိုက် HMD သည် အိန္ဒိယနိုင်ငံမှတစ်ဆင့် Nokia Mobile Phone များကို တင်ပို့လျက်ရှိပြီး ယခု HMD ၏ Smart Phone အသစ်များကိုလည်း အိန္ဒိယမှတစ်ဆင့် တင်ပို့သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ သည်။

    HMD ကုမ္ပဏီသည် Dixan Technologies နှင့် Zetwerk’s ၊ Zet Town တို့နှင့်အတူ ပူးတွဲကာ Mobile Phone အသစ်များအား အိန္ဒိယနိုင်ငံ၌ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း HMD Global ၏ Chief Operating Officer Alain Lejeune ပြောကြားချက်အရ သိရသည်။ APAC နှင့် အိန္ဒိယနိုင်ငံ၏ ဒုတိယဥက္ကဌ Ravi Kunwar က ကုမ္ပဏီသည် Crest Smart Phone အသစ်များ ကို Rs ၁၀၀၀၀ မှ ၂၀၀၀၀ ကြားဈေးနှုန်းအကွာအဝေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လာမည့်လတွင်စတင်မည့် Great Freedom Sale က Amazon Special တွင် အဆိုပါ Phone ကို Amazon တွင် ရောင်းချမည်ဖြစ်သည်။ ၎င်းကို HMD Website တွင်လည်း မှာယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: money . Rediff

DOCA(ရန်ကုန်)