Main menu

အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန်နှင့် စီးပွားရေးမြှင့်တင်ရန် ရွှေရောင်ဗီဇာအစီအစဉ်ကိုစတင်

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန်ရည်ရွယ်၍ နှစ်ရှည် ဗီဇာအစီအစဉ်ကို ဇူလိုင် ၂၅ ရက်နေ့က စတင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူမျာအား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည် ဖြစ်သည်။ အနည်းဆုံး ဒေါ်လာ ၂.၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီတစ်ခုတည်ထောင်ရန်စီစဉ်သည့် တစ်ဦးရင်းနှီးမြှုပ်နှံသူများသည် ၅ နှစ်အထိ နေထိုင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ သန်းရှိလျှင် အစိုးရက ၎င်းတို့အား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည်ဖြစ်သည်။

     ကုမ္ပဏီတည်ထောင်လိုသူများသည် ၅ နှစ်နှင့် ၁၀ နှစ် နေထိုင်ခွင့်ပြုမိန့်ရရှိရန်အတွက် အမေရိကန်ဒေါ်လာ ၃၅၀၀၀၀ နှင့် ၇၀၀၀၀၀ အသီးသီး ထားရှိရမည်ဖြစ်ပြီး အဆိုပါငွေကို အင်ဒို နီးရှားအစိုးရ ငွေချေးစာချုပ်များနှင့် အများပိုင်ကုမ္ပဏီစတော့များ ဝယ်ယူရန် သို့မဟုတ် အပ်ငွေများအဖြစ် ထားရှိရမည်ဖြစ်သည်။         

     ကော်ပိုရိတ်ရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှားတွင် ကုမ္ပဏီတစ်ခုတည်ထောင်ပြီး ၅ နှစ် နေထိုင်ခွင့်ရရှိရန် အနည်းဆုံးဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု‌ ဒေါ်လာ သန်း ၅၀ အထက်ရှိသူများသည် နိုင်ငံအတွင်း ၁၀ နှစ်နေထိုင်နိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရ သော် ရင်းနှီးမြှုပ်နှံလေ နေထိုင်ခွင့်သက်တမ်းပိုရလေဖြစ်သည်။

     ရင်းနှီးမြှုပ်နှံမှုများသည် အင်ဒိုနီးရှားနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာလွှဲပြောင်းမှုနှင့် လူ့စွမ်းအားအရင်းအနှီးမြှင့်တင်မှုတို့မှ အစပြု၍ များပြားသော အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်းပေးနိုင်ဖြစ်ကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းအား ကူညီပံ့ပိုးပေးရန်အတွက် ရွှေရောင်ဗီဇာကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီက ပြောကြားခဲ့ သည်။

      အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်အတွင်း ပြည်ပနှင့်ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီး မြှုပ်နှံမှုစုစုပေါင်း Rp  ၁၆၅၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံခန့်) ရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိပြီး ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အဆိုပါလျာထားချက် ၂၄.၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှားသည် အဆိုပါ သုံးလတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု Rp ၂၀၄.၄ ထရီလီယံအထိ စွဲဆောင်နိုင်ခဲ့သည်။

Source: straitstimes

DOCA(ရန်ကုန်)