MEAF ၏ ပို့ကုန်ဌာနအကြီးအကဲ Afi Akbar Shadmani သည် နိုင်ငံအရှေ့မြောက်ပိုင်း Mashbad မြို့အခြေစိုက် Khoshgovar ကုမ္ပဏီမှ ကိုကာကိုလာထုတ်ကုန်များတင်ပို့မှုအား တားမြစ်ပိတ်ပင်ရန် ဇူလိုင်လ ၂၇ ရက်(စနေနေ့)က အမိန့်ထုတ်ပြန်ခဲ့သည်။
Khoshgovar ကို အီရန်ပိုင်နက်တွင် သီးသန့်ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချရန် ကိုကာ ကိုလာမှ လိုင်စင်ရထားကြောင်း အဆိုပါအမိန့်တွင် ဖော်ပြထားသည်။ အဆိုပါအမိန့်သည် နိုင်ငံ အတွင်း ပို့ကုန်လုပ်ငန်းများကိုစောင့်ကြည့်ရန်နှင့် လွယ်ကူချောမွေ့စေရန် တာဝန်ရှိသော အစိုးရ အဖွဲ့အစည်းဖြစ်သည့် အီရန်ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ တောင်းဆိုမှုအပေါ် အခြေခံထားသည်။ ၎င်းသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော ကုန်သွယ်မှုကန့်သတ်ချက်များနှင့် အီရန်မှ ကိုကာကိုလာထုတ်ကုန်များတင်ပို့မှု တားမြစ်ချက်အသစ်ကြားတွင် ရှင်းလင်းပြတ်သား သော ချိတ်ဆက်မှုများ မရရှိနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Khoshgovar မှ အီရန်တွင် လိုင်စင်ဖြင့်ထုတ်လုပ်သည့် ကာဗွန်နိတ်မဟုတ်သော အဖျော်ယမကာတံဆိပ်အားလုံးသည် တားမြစ်ချက်အသစ်ကို လိုက်နာရမည်ဖြစ်ကြောင်း MEAF က ပြော ကြားခဲ့သည်။ Khoshgovar သည် အီရန်မှ ကိုကာကိုလာထုတ်ကုန်များကို မည်မျှကြာအောင်တင်ပို့ ခဲ့သည်နှင့် အမြတ်အစွန်းမည်မျှရရှိခဲ့ကြောင်းကို အချက်အလက်များ တိကျစွာထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ထို့ပြင် အလုပ်သမားပေါင်း ၇၅၀၀ ဖြင့် လည်ပတ်နေသော ကုမ္ပဏီသည် ကိုကာကိုလာနှင့် တိုက်ရိုက်စီးပွားရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။
အီရန်နိုင်ငံမှ ကိုကာကိုလာထုတ်ကုန်များတင်ပို့မှုအား တားမြစ်လိုက်ခြင်းသည် Khoshgovar ကုမ္ပဏီအား အမေရိကန်တွင် မိခင်ကုမ္ပဏီမှထုတ်ပြန်သော ကုန်သွယ်မှုမူဝါဒများ ကို အကောင်အထည်ဖော်နေကြောင်း သက်သေပြခဲ့သည်။
MEAF မှ ထုတ်ပြန်သောအမိန့်သည် Khoshgovar နှင့် ကိုကာကိုလာအကြား စာချုပ်ကို ကိုးကား၍ ကိုကာကိုလာသည် အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမှ အထူးလျှော့ပေါ့ပေးမှုကို အသုံးပြု၍ အီရန်နိုင်ငံအတွင်း၌ စီးပွားရေးလုပ်ရန်နှင့် အမြတ်အစွန်းများစွာ ရရှိအောင် လုပ်ဆောင်နေကြောင်း သက်သေပြခဲ့သည်။
Source: presstv
DOCA(ရန်ကုန်)