Main menu

မြို့သစ်မြို့နယ်၊ လင်းလည်ကျေးရွာ၌ မိုးစပါးများ စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ လင်းလည်ကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် နင်းကြမ်းကျေးရွာများ၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရသည်။

       လင်းလည်ကျေးရွာသည် ယင်းချောင်းမှရေဖြင့် မိုးစပါးဧက (၂၆၀)ခန့်ကို ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိပြီး မျိုးစပါးအနေဖြင့် ရက်ပေါင်း(၁၂၀)ရှိ ဧရာပဒေသာမျိုးကို အဓိကထား၍ စိုက်ပျိုးကြကြောင်းသိရပါသည်။ ၎င်းအနေဖြင့် မိုးစပါး(၅)ဧကစိုက်ပျိုးထားကြောင်း၊ မျိုးစပါးဝယ်ယူရာတွင် တောင်တွင်းကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ တစ်တင်းလျှင် ကျပ် (၉၀၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် မျိုးစပါး (၁.၅)တင်းခန့်ကုန်ကျကြောင်း၊ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်သားခ)အပါအဝင် ကျပ်(၅၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် တစ်ဧကလျှင် စပါးတင်း (၆၀)ခန့်ထွက်ရှိခဲ့ပြီး တစ်တင်းလျှင် ကျပ်(၂၈၀၀၀)ဖြင့် တောင်တွင်းကြီးမြို့ပေါ်ရှိ ဆန်စက်များသို့ ရောင်းချခဲ့ကြောင်းနှင့် စပါးပွဲစားများကလည်း စိုက်ကွင်းအရောက် လာရောက်ဝယ်ယူကြကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ် (၈၀၀၀၀၀)ခန့်ရရှိခဲ့ကြောင်း လင်းလည်ကျေးရွာနေ စပါးစိုက်တောင်သူကြီး ဦးကျော်မင်းဦးထံမှသိရှိရပါသည်။

DOCA(မကွေး)