Main menu

ဈေးကွက်ဝင်၍ ဝင်ငွေကောင်းရရှိနေသော မော်လမြိုင်ဒေသထွက် ရာသီစာမျှစ်

Powered by Drupal

       မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းမှထွက်ရှိသည့် ဝါးပိုးမျှစ်သည် ယခုနှစ်မိုးရာသီ၏ ရာသီစာ အစားအသောက်တစ်ခုအဖြစ် ဈေးကွက်ဝင်သည်။ ထိုရာသီစာမျှစ်ကို အစိမ်းကိုသော်လ်လးကောင်း၊ မျှစ်ပြုတ်၍သော်လည်းကောင်း ပြုလုပ်ရောင်းချသည်ကိုတွေ့ရှိရသည်။ မျှစ်နုများကို မော်လမြိုင်မြို့၊ ကျိုက်မရောမြို့၊ မုဒုံမြို့အနီးအနားရှိ ကျေးရွာများမှတင်သွင်းပြီး မျှစ်နုအသေးများကို အစည်းငယ်များစည်း၍ ရောင်းချလေ့ရှိပါသည်။ မျှစ်ဈေးနှုန်းများမှာ မျှစ်နုအသေးအပြုတ်(၅)ကျပ်သား ( မျှစ်ချောင်း ၄ချောင်း၅ချောင်းပါ ) တစ်စည်းလျှင် ကျပ်၃၀၀မှ ကျပ်၅၀၀ခန့်ရှိသည်။ မျှစ်စိမ်းတစ်ပိဿာလျှင် ကျပ်၆၀၀၀မှ ကျပ်၇၀၀၀ဖြစ်သည်။  ကုန်စိမ်းဈေးများနှင့် ရပ်ကွက်ဈေးတို့၌ ရောင်းချမှုများ၍ ဝယ်ယူစားသောက်မှုများသောကြောင့် မျှစ်ဈေးမှာ ဈေးကောင်းရရှိနေကြောင်းသိရပါသည်။

        ထိုမျှစ်ကို ကြော်စားခြင်း၊ ချက်စားခြင်း၊ မျှစ်ငါးပေါင်းထုပ်ပြုလုပ်ခြင်းနှင့် ငါးပိတို့စရာအဖြစ် စားသောက်မှုပုံစံအမျိုးမျိုးလုပ်၍ ကြိုက်နှစ်သက်စွာစားသောက်ကြသည်။ မျှစ်တွင် ပရိုတင်းကြွယ်ဝပြီး ကယ်လိုရီပါဝင်မှုနည်းပါးသဖြင့် မျှစ်စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန်ကြောင်းသိရှိရပါသည်။

DOCA(မွန်)