Main menu

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Mero Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် Mero Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)