စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၂၉-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောဈေးအတွင်းရှိသော ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)