Main menu

ကန့်ဘလူခရိုင်၌ ကွမ်းဈေးနှုန်းများကျဆင်း

Powered by Drupal

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောနိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ်၄၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ရိုးရိုး)တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့်ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့သို့တင်ပို့ရောင်းချလျက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကွမ်းဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)