![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/163_4.jpg?itok=yYvGz0Aa)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၉-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားအသင်းရုံး၌ စားသုံးသူပြည်သူများအား စတုတ္ထအကြိမ်မြောက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆန်ရောင်းချပေးမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ဆန်များရောင်းချရာတွင် ဧည့်မထအုပ်စုဝင်ဖြစ်သော ရက်(၉၀)နှင့် ကိန္နရီဆန်အမျိုးအစားများကို လူတစ်ဦးလျှင် (၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၀၇)ဦးအား ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)နှုန်း၊ အိတ်ရေ(၆၄)အိတ်အား နေ့လယ်(၁၃:၀၀)နာရီအချိန်မှ ညနေ(၁၇:၀၀)နာရီအချိန်ထိရောင်းချပေးကြောင်း၊ ဇူလိုင်လ (ပထမပတ်)မှစ၍ အပတ်စဉ် တနင်္လာနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)