စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၂၆-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုဂံ၊ ညောင်ဦးဒေသဒေသထွက် လက်ဆောင်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့နယ်ရှိ ငှက်ပစ်တောင်ဘုရားနှင့် တူရွင်းတောင်ဘုရားတို့တွင် ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များအားတွေ့ဆုံ၍ မိမိတို့ဒေသမှထွက်ရှိသော ဒေသထွက်ကုန်များကိုတန်ဖိုးထားကြရန်နှင့် ပြည်တွင်းခရီးသွားများသာမက နိုင်ငံတကာခရီးသွားများပါ ကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုပြီး နိုင်ငံတကာသို့ထိုးဖောက်ရောင်းချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် အထင်ကရဒေသတစ်ခုဖြစ်သည့်အတွက် ပုဂံဒေသရှိဈေးဆိုင်များ စနစ်တကျရှိစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေးတို့အား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြပြီးနောက် ဈေးဆိုင်တန်းများအား ကွင်းဆင်းမှုများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဟောပြောဆွေးနွေးဆောင်ရွက်မှုတွင် ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ငှက်ပစ်တောင်ဘုရား၌ လုပ်ငန်းရှင်နှင့်စိတ်ပါဝင်စားသူ(၁၂)ဦး၊ တူရွင်းတောင်ဘုရားတွင် လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)