Main menu

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ဆန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များသည် အခြေခံလူတန်းစားများသို့ ဆန်များကို သက်သာသောဈေးနှုန်းဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

        ထိုသို့ရောင်းချပေးရာတွင် အုတ်တွင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားများရှိရာသို့ နေ့စဉ်အလှည့်ကျ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ လူတစ်ဦးလျှင် ဆန် ၂ပြည်နှုန်းရောင်းချပေးလျက်ရှိရာ ဇူလိုင်လ ၂၉ရက်နေ့တွင် ဈေးရပ်ကွက်၌  ဆန်(၁၀)အိတ်ရောင်းချပေးခဲ့ပါသည်။

        ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)