Main menu

တောင်ငူမြို့တွင် ဆန်နှင့်စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များသည် ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များသို့ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ ရောင်းချပေးလျက်ရှိပါသည်။

        ဇူလိုင်လ ၂၆ရက်နေ့တွင် တောင်ငူမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆန် ၁၀အိတ်နှင့် စားသုံးဆီ ၁၅၀ပိဿာကို ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းနှင့် ဆီ ၅၀ကျပ်သားတစ်ဘူးလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန် ၂ပြည်၊ ဆီ ၅၀ကျပ်သားရောင်းချပေးခဲ့ပါသည်။

       ဆန်နှင့်စားသုံးဆီရောင်းချရာသို့ စားသုံးဆီရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့ဦးဆောင်သောဝန်ထမ်းများက ကြီးကြပ်ပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)