Main menu

ပြည်ခရိုင်၏ မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

      ပြည်ခရိုင်တွင် ယခုအချိန်ဖြစ်သော ဇူလိုင်လ၊ စတုတ္ထအပတ်တွင် မိုးစပါးများစိုက်ပျိုးပြီးဖြစ်၍ စိုက်ပျိုးဧကမှာ (၉၅၄၆၅)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ပြည်မြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက ၂၅၀၃၆ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၇၄၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၃၈၃၃၅ဧက၊ ရွှေတောင် မြို့နယ်တွင် ၂၂၃၅၂ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ပြည်ခရိုင်အနေဖြင့် ၁၀၉၇၃၅ဧကစိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် စိုက်ဧကအနည်းငယ်လျော့နည်းခဲ့ပါသည်။ စိုက်ပျိုးသောစပါးမျိုးများမှာ ကရင်မ၊ မှော်ဘီ၊ ကျောက်ရွေးနှင့် ဆင်းသွယ်စပါးမျိုးများကိုအဓိကထား၍ စိုက်ပျိုးကြောင်းသိရပါသည်။ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ကျပ်(၃)သိန်းကျော်ခန့်ကုန်ကျပြီး ယခုအချိန်၌ စပါးဈေးမှာ (၄၆)ပေါင်ပါ တင်း(၁၀၀)လျှင် ကျပ်၁၈၀၀၀၀၀သိန်းဖြင့် ရောင်းချလျက်ရှိပါသည်။

         မိုးစပါးမှာ လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ထွက်ပေါ်လာမည်ဖြစ်ပြီး အထွက်နှုန်းကောင်းလျှင် ကောင်းသလို တောင်သူများအတွက် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ် ကြောင်းရေးသားပါသည်။

DOCA(ပဲခူး)