Main menu

ပြည်မြေပဲဆန်ဈေးနှုန်း အနည်းငယ်ပြန်မြင့်တက်လာ

Powered by Drupal

       ပြည်ခရိုင်တွင် ဇွန်လ၊ ဇူလိုင်လမှစတင်၍ မိုးမြေပဲများစတင်စိုက်ပျိုးရာ စိုက်ဧကမှာ ၂၀၂၄ခုနှစ်၊ ဇွန်လကုန်အထိ (၃၃၇၁၅)ဧကကျော်ခန့်စိုက်ပျိုးပြီးဖြစ်ကြောင်းသိရပါသည်။ မိုးမြေပဲများမှာ လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပြီး ယခုအချိန်၌ ပြည်ဈေးကွက်သို့ မြစ်ရေများကြီးနေသဖြင့် ဝင်ရောက်မှုမရှိဘဲ ဒေသတွင်းမြေပဲဆန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်လမ်းပန်းဆက်သွယ်ရေးကောင်းချိန်တွင် နယ်အစုံမှဝင်ရောက်မှုရှိ၍ တစ်နေ့လျှင် အိတ်ပိဿာ(၂၀)ဝင်အိတ် (၁၀၀၀)ခန့်အထိဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ယခုအချိန်တွင် မိုးမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုနည်းလာသဖြင့် နေ့စဉ်ဝင်ရောက်မှုမရှိသော်လည်း နေပွင့်လျှင် ပွင့်သလို  ခန့်မှန်းခြေ အိတ် (၅၀-၁၀၀) လောက်သာဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ဝင်ရောက်လာသော မြေပဲဆန်များကို ဒေသတွင်းဆီစက်သမားများနှင့် ပဲကြော်၊ ပဲလှော်သမားများက ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိပါသည်။ မြေပဲဆန်ကို တစ်ဆင့်မြှင့်တင်၍ ဆီကြိတ်စားသုံးကြသည့်အပြင် မုန့်ပဲသားရေစာများတွင်ထည့်သွင်း၍သေ်လည်းကောင်း၊ မြေပဲယိုပြုလုပ်၍သေ်လည်းကောင်း၊ မြေပဲဆားလှော်ပြုလုပ်၍သေ်လည်းကောင်း စားသုံးကြပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ယခုအပတ်ဖြစ်သော ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် မြေပဲဆီဆန်(အဖြူ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှင့် လုံးဆန်ဈေးမှာ (အဖြူ)တစ်ပိဿာလျှင် (၇၃၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဇွန်လကုန်အပတ်တွင် ဆီဆန် (အဖြူ)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဆီဆန်(အနီ)တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် (၇၇၀၀)ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ဆီဆန်(အဖြူ)နှင့် လုံးဆန်(အဖြူ) ဈေးအနည်းငယ်မြင့်လာပြီး လုံးဆန်(အနီ)နှင့် ဆီဆန်(အနီ)ဈေးမှာ ယခင်အတိုင်းဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။

DOCA(ပဲခူး)