Main menu

အရောင်းအဝယ်ဖြစ်နေသည့် ရွှေတောင်မြို့၏ ပန်းဈေးကွက်

Powered by Drupal

    ယခုနှစ်မိုးရာသီတွင် ရွှေတောင်မြို့နယ်အတွင်း အရောင်အသွေးစုံသည့်ပန်းများစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည်ဒေသများဖြစ်သော ရွှေတောင်မြို့၊ ရွှေတောင်မြို့နယ်အတွင်းရှိသည့် ကျေးလက်ဒေသများဖြစ်ကြသည့် ကသစ်ကိုင်းကျေးရွာ၊ တောင်လုံးညိုကျေးရွာ၊ မင်းရွာ စသည့်ရွာများမှ ပန်းအများအပြားစိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးထွက်ရှိလာသည့် ပန်းများအား ပန်းအဝယ်ဒိုင်ရှိသည့်  တောင်လုံးညိုရွာသို့ လာရောက်ရောင်းချကြောင်းသိရှိရပါသည်။ ပန်းအဝယ်ဒိုင်သို့ရောက်ရှိလာသည့် ပန်းများအား တစ်ဆင့်ရောင်းချသည့်ပန်းသည်များက လာရောက်ဝယ်ယူပြီး တိုက်ကြီး၊ ထောက်ကြန့်မြို့များသို့သွားရောက်ရောင်းချခြင်း၊ ပန်းအဝယ်ဒိုင်များမှ ကုန်တင်ကားများဖြင့် ရန်ကုန်၊ မန္တလေး စသည့်မြို့များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ဇူလိုင်လ နောက်ဆုံးပတ်တွင်ရောင်းချနေသည့် ပန်းဈေးနှုန်းများမှာ နှင်းဆီပန်း(၅)ပွင့်ပါ တစ်စည်းလျှင် ၃၀၀၀ကျပ်၊ ပန်းတိမ်ပန်းအပွင့်ကြီး (၅)ခက်ပါတစ်စည်းလျှင် ၄၅၀၀ကျပ်၊ ကြယ်ပန်းတစ်စည်းလျှင် ၂၀၀ကျပ်၊ ဂန္ဓမာအပွင့်ကြီး(၅)ပွင့်ပါတစ်စည်းလျှင် ၃၀၀၀ကျပ်၊ အာဆီယံသပြေပန်းတစ်စည်းလျှင် ၂၀၀ကျပ်၊ ဂန္ဓမာပန်းအပွင့်အသေး(၃)ခက်ပါတစ်စည်းလျှင် ၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)