Main menu

ပြည်နှမ်းဈေးနှုန်း ယခင်နှစ်ကာလတူအချိန်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

      ပြည်ခရိုင်တွင် ယခုအချိန်၌ မိုးနှမ်းများ စိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ဧကမှာ (၆၂၃၈၄)ကျော်ခန့်ရှိသည်ဟုသိရပါသည်။ ပြည်ဈေးကွက်သို့ ယခုအချိန်တွင် နှမ်းဝင်ရောက်မှုမရှိဘဲ ယခင် လက်ကျန်အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ရံဖန်ရံခါဖြစ်ကြောင်းသိရပါသည်။ ပြည်ဒေသအတွင်း ဆီစက်သမားများက ယခင်လှောင်ထားသည့်  နှမ်းလက်ကျန်ကိုထုတ်၍ ဆီများကြိတ်ခွဲနေကြောင်းသိရပါသည်။  နှမ်းနက်နှင့် စမုံနက်နှမ်းကို ဝယ်လက်အဝယ်နည်းသဖြင့် အရောင်းအဝယ်မဖြစ်၍ ဈေးငြိမ်နေခြင်းဖြစ်ပါသည်။ မိုးနှမ်းများမှာ လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်သော်လည်း  မိုးနှမ်းများထွက်ပေါ်ချိန်တွင်  ရာသီဥတုဖျက်ဆီးမှုမရှိလျှင် တောင်သူများအတွက် အမြတ်အစွန်းများရရှိလာနိုင်မည်ဖြစ်ပါသည်။ ယခုဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် နှမ်းနီ(၃)တင်းဝင် တစ်အိတ်လျှင် ၃၃၆၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၄၂၉၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင် တစ်အိတ်လျှင် ၄၄၄၀၀၀ကျပ်ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ယခုကဲ့သို့သောအချိန်နှင့်နှိုင်းယှဉ်လျှင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၆၆၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၁၂၉၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၁၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ စိုက်ပျိုးစရိတ်များကြီးမြင့်ခြင်း၊ နှမ်းများအထွက်နည်းခြင်းနှင့် ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟုသိရှိရပါသည်။ နှမ်းဆီဈေးမှာလည်း ယခင်နှစ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ဇူလိုင်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ နှမ်းဆီဈေးမှာလည်း ယခင်နှစ်ထက်စာလျှင် ယခုနှစ်မှာ တစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀) ကျပ်ခန့်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)