Main menu

စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်ခြင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၉-၇-၂၀၂၄ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ စိုက်ပျိုးရေးသုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ယခုရာသီကာလသည် သာယာဝတီမြို့နယ်အတွင်း၌ မိုးသီးနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသော အချိန်ကာလဖြစ်သဖြင့် တောင်သူများ၏ သွင်းအားစုဆေးဝါးများဈေးနှုန်းမှန်ကန်တည်ငြိမ်ရေးနှင့် စားသုံးသူရေးရာဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိစေရေး ရှင်းလင်းပြောကြားခဲ့ပါသည်။

         ထို့နောက် စိုက်ပျိုးရေးအရောင်းဆိုင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)