Main menu

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ဩဂုတ်လ၊ ပထမအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၇၅၀၀ဝိ/-) ကျပ် ၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၇၄၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၇၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင် (၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် ပိုးသတ်ဆေး 1litter တစ်ဗူးလျှင်(၆၄၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်း ဓါတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ရွှေဘိုခရိုင်၌ မိုးစပါးများ ပျိုးထောင်ထားပြီး စိုက်ပျိုးရန်ပြင်ဆင်နေသည့်အချိန်ဖြစ်သဖြင့် ပိုးသတ်ဆေးများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်သော်လည်း ဓါတ်မြေဩဇာမှာ ပစ္စည်းပြတ်သည့်အပြင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)