Main menu

ကန့်ဘလူမြို့နယ်အတွင်း ဇူလိုင်လတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက် နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်း ပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါ သည်။

   ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းပွဲရုံသို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင် /အထွက် တင်းများ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ကုလားပဲ v2(၁၉၀.၅)တင်း ဈေးနှုန်း မှာ(၈၄၀၀၀)ကျပ်၊ ကုလားပဲ 929(၃၇၂)တင်း ဈေးနှုန်းမှာ (၇၈၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ်(၃၁.၅)တင်း ဈေးနှုန်းမှာ(၇၅၀၀၀)ကျပ်၊ မတ်ပဲ အမျိုးအစား (၁၈၀)တင်း ဈေးနှုန်း မှာ(၉၂၀၀၀)ကျပ်၊  ပဲတီစိမ်း(၄၈၇.၅)တင်း ဈေးနှုန်းမှာ (၆၅၀၀၀)ကျပ် ပဲစဉ်းငုံ (နီ)(၁၂၉)တင်း ဈေးနှုန်းမှာ (၁၃၀၀၀၀)ကျပ်၊ ပဲစဉ်းငုံ (ဖြူ)(၃၁.၅)တင်း ဈေးနှုန်းမှာ (၁၂၅၀၀၀)ကျပ် အသီးသီးပေါက်ဈေး ရှိကြောင်း သိရသည်။

   ယခု ရာသီကာလတွင် ကုလားပဲများနှင့် ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်ပြီး ယခင် ဇွန်လပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုလားပဲ(ထိုင်ဝမ်) ယခင် ဈေးနှုန်းအတိုင်း တည်ငြိမ်လျက်ရှိပြီး မတ်ပဲ တစ်တင်းလျှင် (၁၁၀၀၀)ကျပ်၊ ပဲစဉ်းငုံ(ဖြူ/နီ)တစ်တင်းလျှင်(၈၀၀၀/၁၀၀၀၀)ကျပ်၊ ကုလားပဲ929 တစ်တင်းလျှင်(၂၀၀၀)ကျပ်ကျဆင်းလျက်ရှိကာ  ကုလားပဲv2 တစ်တင်းလျှင် (၁၀၀၀)ကျပ် နှင့်ပဲတီစိမ်း တစ်တင်းလျှင်(၂၀၀၀)ကျပ် ယခင်လဈေးနှုန်းထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံ တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)