Main menu

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဥ်သီးဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဥ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      ခရမ်းချဥ်သီးများသည် ယခုအချိန် မိုးရာသီတွင် ဒေသထွက် ခရမ်းချဥ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဥ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဥ်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချဥ်အရသာနည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများကကြိုက်နှစ်သက်ကြပါသည်။ ယခု ဇူလိုင်လ တစ်လလုံး ခရမ်းချဥ်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၅၅၀၀/၆၀၀၀)ကျပ်တို့ဖြင့် တည်ငြိမ်လျက်ရှိလာကြောင်း သိရှိရပါသည်။

     ကန့်ဘလူမြို့၏ ယခုဩဂုတ်လ ပထမအပတ်တွင် ခရမ်းချဥ်သီးဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ခရမ်းချဥ်သီးဈေးမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ် ဈေးနှုန်းအထိ  ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံအရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)