Main menu

ကန့်ဘလူမြို့ ဈေးကွက်အတွင်းသို့ ဂေါ်လခါးသီးများ စတင်ဝင်ရောက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို  လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုံးသည်အထိ ရောင်းချကြောင်း သိရပါသည်။

      ကန့်ဘလူမြို့မစည်ပင်သာယာဈေးမှာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပြောင်းချို၊ မုန်ညှင်းထုတ်၊ ခါကြက်ဥ ၊ သံပုရာသီး၊ ပန်းငရုတ်ပွ၊ တိုင်ထောင်ဗိုလ်စားပဲသီး၊ ဂေါ်လခါးသီး စသည်တို့ကို  ရောင်းချရကြောင်း၊ ဒေသထွက်သီးနှံများမဟုတ်သည့် ကုန်စိမ်းသီးနှံများကို မန္တလေးမြို့၊ ကောလင်းမြို့/ ဇီးကုန်းမြို့တို့မှ ဖောက်သည်မှာယူပြီး ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် လက်လီ/လက်ကား ရောင်းချပါကြောင်း ကုန်စိမ်းသီးနှံရောင်းချနေသူထံမှ သိရှိရပါသည်။

     ကုန်စိမ်းသီးနှံများထဲမှ ဂေါ်လခါးသီးကိုအသုံးပြုစားသောက်ကြပုံမှာ ကြော်စား၊ ချက်စား၊ ကြက်ဥနှင့် ရောကြော်၍ လည်းကောင်း၊ အခြားအသီးအနှံများနှင့်အစိမ်းကြော် ကြော်စားလို့လည်းရသလို ၊ ဂေါ်လခါးသီးကို ပြုတ်ပြီး ငပိရည်နှင့်တို့စရာအဖြစ်လည်း စားရသလို ခေါက်ဆွဲကြော်၊ ကြာဆံကြော် စသည့် အစားအစာမျိုးစုံတို့တွင်လည်း အသုံးပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်သော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

     ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း၌ ရောင်းချနေသော ဂေါ်လခါးသီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပြီး ဂေါ်လခါးသီး၏ ဈေးနှုန်းဈေးကွက်များအနေဖြင့် ဂေါ်လခါးသီး အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်လုံးလျှင်(၄၅၀/၄၈၀)ကျပ်တို့ဖြင့် ဖောက်သည်ဝယ်ယူရပြီး ကန့်ဘလူမြို့ စားသုံးသူပြည်သူများထံသို့ ရောင်းချရာတွင် ဂေါ်လခါးသီး အလုံးအကြီး/ အသေး ပေါ်မူတည်၍ တစ်လုံးလျှင်(၅၅၀/၆၀၀)ကျပ်တို့ဖြင့် အသီးသီး ရောင်းချပါကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)