![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.3_6.jpg?itok=SnV052pv)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်တို့ကိုမြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော မြစ်ငါး၊ ပုဇွန်ဈေးနှုန်းများမှာ မြစ်ပုဇွန်စိပ်(၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ မြစ်ပုဇွန် (အကောင်အကြီး)(၁)ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၈၀၀၀)၊ မြစ်ငါးတန်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မြစ်ငါးကွန်မှန်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မြစ်ငါး ဘတ်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ မြစ်ငါးသလောက်(အကောင်ကြီး) (၁)ပိဿာလျှင် ကျပ် (၃၅၀၀၀၀)၊ ငါးယင်ပေါင်စာ(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ မြစ်ငါးဖယ်(အကောင်လတ်) (၁)ပိဿာ လျှင် ကျပ်(၂၀၀၀၀)ဈေးနှုူန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇူလိုင်လ (စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် မြစ်ပုဇွန်နှင့် ငါးအမျိုးမျိုးတို့၏ဈေးနှုန်းမှာ ကျပ်(၁၀၀၀ မှ ၃၀၀၀) ထိ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မြစ်ရေတက်လျက်ရှိပြီး မြစ်ငါးများရှားပါးသော်လည်း ဈေးအတွင်း မြစ်ငါး၊ ပုဇွန်ဝယ်ယူစားသုံးသူမှာ နည်းလျက်ရှိသောကြောင့် ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)