Main menu

ပဲခူးမြို့၊ သီရိဥဿာဈေးအပေါ်ထပ်တွင် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲကျင်းပပြုလုပ်

Powered by Drupal

  ပြည်သူတို့၏နေ့စဉ်လူမှုဘဝ၌ အရေးပါလှသော ကျန်းမာသောကိုယ်ခန္ဓာတို့အတွက် အထောက်အကူပြုကာ မရှိမဖြစ်လိုအပ်သောအိမ်သုံးဆေးဝါးများကို ဈေးနှုန်းသက်သာစွာ အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဦးဆောင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရန်ကုန်_မန္တလေး လမ်းမကြီးဘေး၊ သီရိဥဿာဈေးအပေါ်ထပ်တွင် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲကျင်းပပြုလုပ်လျက်ရှိပြီး ဆေးဝါးတင်သွင်းလာသည့် ကုမ္ပဏီများမှ တိုက်ရိုက်လာ‌ရောက်ကာ ရောင်းချပေးလျက်ရှိပါသည်။

        ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား ဇူလိုင်လ ၂၉ရက်နေ့မှစတင်ရောင်းချကာ သြဂုတ်လ ၃ရက်နေ့အထိ (၆)ရက်ဆက်တိုက် နံနက် (၀၉:၀၀)နာရီအချိန်မှ ညနေ (၁၆:၀၀)နာရီအချိန်ထိ ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဆေးဝါးတိုက်ရိုက်ရောင်းချပွဲတွင် အနယ်အနယ်အရပ်ရပ်မှ ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီ ၂၇ခုမှလာရောက်၍ ဆေးအမျိုးအစား ၄၅၉မျိုးတို့အား ကုမ္ပဏီမှရောင်းချသော သက်သာသည့်ဈေးနှုန်းများဖြင့် တိုက်ရိုက်ရောင်းချမှုပြုလုပ်ခဲ့‌ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)