![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/200_7.jpg?itok=hQ0A9Khw)
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်အား အမြတ်တနိုးထားရှိကြပြီး ဘုရားပန်းများမညှိုးနွမ်းအောင် လဲပေးတတ်ကြသကဲ့သို့ ယခုကဲ့သို့သော ဝါတွင်းကာလများတွင် ဘုရားစေတီ၊ ကျောင်းကန်များ၌ ဘုရားပန်းလှူသည့် ကုသိုလ်ကောင်းမှုများကို ပိုမိုပြုကြသဖြင့် မြို့တိုင်းရှိဈေးများတွင် ဘုရားပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။
တောင်ငူမြို့၊ ဘုရင့်နောင်ဈေးရှိ ပန်းသည်များတွင် ယခုမိုးရာသီ၌ စတင်ပေါ်သောပန်းတိမ်ငိုပန်းမှာ ၁၀တံပါ တစ်စည်း (အပွင့်သေး)လျှင် ကျပ်၁၅၀၀၊ အပွင့်လှလျှင် ၁၀တံပါ တစ်စည်းလျှင် ၂၀၀၀ကျပ်၊ သစ္စာပန်း ၁၀တံပါတစ်စည်းလျှင် ၃၀၀၀ကျပ်၊ ဒေလီပန်းတစ်စည်းလျှင် ၅၀၀၀ကျပ်ရှိပါသည်။
ယခင်တွင် ဂန္ဓမာပန်းတစ်စည်းလျှင် ၁၀၀၀ကျပ်၊ ၁၅၀၀ကျပ်ရှိပြီး ဇူလိုင်လ တတိယပတ်မှစ၍ တစ်စည်းလျှင် ၂၀၀၀ကျပ်ခန့်ထိဈေးနှုန်းအနည်းငယ်မြင့်တက်သွားကြောင်း ဘုရင့်နောင်ဈေးတွင်ရောင်းချနေသော ပန်းသည်တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ရပါသည်။
DOCA(ပဲခူး)