ဝါးဂျယ်လီ (ခ) ဝါးပလုတ်သည် မိုးရာသီကာလဖြစ်သော ဝါဆိုလမှ သီတင်းကျွတ်လနှင့် ဆောင်းရာသီကာလများတွင်လည်းရရှိနိုင်ပါသည်။ တစ်နှစ်တစ်ခါ မိုးရာသီကာလမှသာ ရတက်သည့်ဝါးပလုတ်သည် ဝါးပင်မှရရှိသော အဆီအနှစ်ဖြစ်သည့်အတွက် ဆေးဖက်လည်းဝင်ပါသည်။ ဝါးပလုတ်ကို ပျားရည်၊ နို့ဆီ၊ နို့စိမ်း၊ သံပရာ၊ ဆီး၊ နို့သစ်ခွ၊ သကြား စသည်တို့နှင့်တွဲဖက် ဖျော်စပ်ပြီး သောက်နိုင်ပါသည်။ ဝါးပလုတ်ကို ဘူးတစ်ခုတည်း၌ထည့်ပြီး သိမ်းထားလျှင် (၁၅)ရက်မှ (၁)လခန့်ထိခံပါသည်။ ယခုအခါ ဝါတွင်းကာလ၌ အလှူပွဲများတွင်လည်း အအေးအနေဖြင့် ဝါးပလုတ်ကိုကျွေးမွေးနိုင်ပါသည်။ ဝါးပလုတ် (ခ) ဝါးဂျယ်လီကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ပုလောမြို့နယ်များမှ ရန်ကုန်၊ မန္တလေးနှင့်ပြည် စသည့်မြို့နယ်အသီးသီးသို့ ဖြန့်ဖြူးပေးပို့ရောင်းချကြပါသည်။ ယခင်နှစ်ကဝါးပလုတ် (၅)ဂါလံတစ်ပုံးလျှင် (၁၉၀၀၀)ကျပ်ဖြစ်ပြီး ယခုနှစ်တွင် (၅)ဂါလံတစ်ပုံးလျှင် (၂၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး တစ်လီတာဘူးတစ်ဘူးလျှင် ကျပ် (၂၅၀၀ - ၄၀၀၀) အထိဈေးဖြင့် အသီးသီးရောင်းချနေကြောင်းသိရှိှိရသည်။
DOCA(ပဲခူး)