ပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းမှည့်ဝင်ရောက်မှုမရှိတော့ဘဲ လှောင်မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရပါသည်။ လက်ကျန်မန်ကျည်းမှည့်တို့ကိုဒေသတွင်းလက်လီအရောင်းအဝယ်သမားများသာအဝယ်ရှိနေပြီး မန်ကျည်းမှည့်ပွဲရုံတွင် သြဂုတ်လ၊ ဒုတိယအပတ်တွင် မန်ကျည်းမှည့်တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် လက်လီဈေး (၉၀၀၀-၁၀၀၀၀) ကျပ်တို့ဖြင့်ရောင်းဝယ်လျက်ရှိပြီး တစ်နေ့လျှင် ပိဿာချိန် (၁၅/၂၀)ခန့်သာအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)