Main menu

ပြည်ချင်းပွဲရုံများတွင် ချင်း(ဥမ)များဝင်ရောက်လျက်ရှိနေ

Powered by Drupal

     ပြည်ချင်းပွဲရုံများသို့ သြဂုတ်လ၊ ဒုတိယအပတ်တွင် ချင်း(ဥမ)သစ်များဝင်ရောက်လာပြီး လှပ၍ အရည်အသွေးကောင်းသောချင်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါသည်။ ချင်း(ဥမ)များဝင်ရောက်လာမှုများတာကြောင့် ဈေးနှုန်းများကို ပြီးခဲ့သည့်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် (၅၀၀-၁၀၀၀) ကျပ်ဈေးကျလာပြီး ရောင်းဝယ်ရေးသမားတို့ အိတ်အဆွဲများလျက်ရှိနေပါသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် ချင်းဈေးနှုန်းများမှာ ပွဲရုံဈေး တစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀) ကျပ်ဈေးတို့ဖြင့်ရောင်းဝယ်လျက်ရှိနေပါသည်။ ဓားလှီးချင်းဖက်တစ်ပိဿာလျှင် (လက်ကားဈေး) ၇၀၀၀ကျပ်နှင့် (လက်လီဈေး) ၉၀၀၀ကျပ်ဈေးတို့ဖြင့်ရောင်းချလျက်ရှိပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဓားလှီးချင်းသမားတို့ အိတ်အဆွဲများသောကြောင့် ပြည်ချင်းပွဲရုံများတွင် ချင်းအရောင်းအဝယ်ဖြစ်နေကြောင်းရပါသည်။

DOCA(ပဲခူး)