Main menu

ဆိပ်ဖြူဈေးကွက်တွင် ဂျင်း(ချင်း)ဈေးနှုန်းများကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများတွင် ရေမြေရာသီဥတုနှင့် မကိုက်ညီ၍ ချင်းသီးနှံကို စိုက်ပျိုးမှုမရှိခြင်းကြောင့် ဒေသတွင်းစားသုံးမှုလိုအပ်ချက်အရ စိုက်ပျိုးမှုများသော အောင်ပန်းဒေသထွက် ချင်းများ အများဆုံးဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

     စားဖိုဆောင်သီးနှံချင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အများဆုံးအသုံးပြုသည့် အပြင် တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင်လည်းကောင်း၊ ထန်းလျက်ခဲဖြင့် ကျိုချက်ပြီး ဆေးအဖြစ် သောက်သုံးမှုများခြင်းအပြင် ချင်းပေါက်များကိုလည်း မြေပဲဆံ၊ ပဲကြော်ဖြင့် သုတ်စားခြင်း များ သုံးစွဲလျက်ရှိသည်။ ချင်းသည် ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်၍ အိမ်တိုင်း မရှိမဖြစ် အသုံးပြု ကြပါသည်။

    ချင်းဈေးကွက်အနေဖြင့် ယခု၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ချင်းတစ်ပိဿာလျှင် ကျပ်(၃၀၀၀-၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဇူလိုင်(ပထမပတ်)တွင် ချင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀)ဈေးရှိကြောင်း၊ တစ်လအတွင်း ချင်းတစ်ပိဿာလျှင် ကျပ် (၅၀၀၀)ခန့် ဈေးကျဆင်းကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ စိုက်ပျိုးရာသီ သီးနှံပေါ်ချိန်ဖြစ်၍ ဆိပ်ဖြူဈေးကွက်သို့ ချင်းများ ဝင်ရောက်မှုများခြင်းကြောင့် ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)