Main menu

ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ ပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့ များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

    ယခု ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီး အစေ့ပါ များဝင်ရောက်မှုနည်းပါးပြီး အစေ့လွတ်မန်ကျည်းသားများကို မြို့ပေါ်ရှိ လှောင်လက်ပွဲစားများမှ ဒေသတွင်း နေရာအနှံ့အပြားသို့ ရောင်းချလျက်ရှိသည်။ ဈေးကွက်အနေဖြင့် ဩဂုတ်လ (ပထမပတ်)တွင် မန်ကျည်းသီးမှည့်ဈေးများ မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းမှည့်အစေ့လွတ် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၇၀၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်ပြီး ယခင် ဇူလိုင်လ(စတုတ္ထပတ်)တွင် လက်ကားဈေး ကျပ်(၅၀၀၀)၊ လက်လီဈေး ကျပ်(၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း မန်ကျည်းအစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စားသုံးသူများအနေဖြင့် ပြည်တွင်း ခရမ်းချဉ်သီးဈေးမြင့်တက်ခြင်းကြောင့် အစားထိုးသီးနှံအဖြစ် မန်ကျည်းသီးမှည့်ကို ဝယ်ယူစားသုံးမှု များပြားလာခြင်းအပြင် မန်ကျည်းမှည့် ကုန်ဆုံးရာသီချိန်နီး၍ ဈေးတက်ရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

    မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်နည်းသောကြောင့် ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)