Main menu

ပြည်မြို့၏မန်ကျည်းသီးစိမ်းဈေးကွက်

Powered by Drupal

       ယခုအချိန်သည် မိုးရာသီဖြစ်သည့်အတွက် ရာသီစာဖြစ်သော မန်ကျည်းသီးစိမ်းများ ဈေးကွက်သို့ဝင်ရောက်နေပြီဖြစ်ပါသည်။ မန်ကျည်းသီးစိမ်းများကို ပြည်မြို့နယ်အနီးတဝိုက်ဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်တစ်ဘက်ကမ်းရှိ ရွှေဘုံသာ၊ ငွေဘုံသာကျေးရွာများမှ ပြည်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကြပါသည်။ ပြည်ဈေးကွက်အတွင်း၌ ရောင်းချသော မန်ကျည်းသီးစိမ်းဈေးများမှာ ယခင်နှစ်တွင် တစ်ဆယ်ကျပ်သားလျှင် (၆၀၀-၇၀၀) ကျပ်ဖြင့်ရောင်းချခဲ့ကြပြီး ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်ဖြင့်ရောင်းချနေကြောင်းသိရပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တစ်ဆယ်ကျပ်သားကို (၅၀၀-၆၀၀) ခန့်ဈေးများပိုလာခဲ့သည်ကိုတွေ့ရပါသည်။ ထိုကဲ့သို့ ဈေးနှုန်းများပိုလာရခြင်းမှာ မန်ကျည်းသီးများသီးချိန်တွင် ရာသီဥတုပူပြင်း၍ အသီးထွက်နှုန်းနည်းပါးလာခြင်းကြောင့်ဖြစ်သိရှိရပါသည်။

DOCA(ပဲခူး)