Main menu

ပြည်ကြက်သွန်ဈေးနှုန်းကျဆင်းလာ

Powered by Drupal

     သြဂုတ်လ၊ ဒုတိယအပတ်တွင် ပြည်ကြက်သွန်ဈေးမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကျပ် (၃၀၀-၄၀၀) နှုန်းခန့်ကျဆင်းသွားလျက်ရှိပြီး ဝင်ရောက်မှုမှာ မြစ်ရေကြီး၍ လမ်းရေကျော်နေသောကြောင့် သိသိသာသာအဝင်နည်းသွားကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ လက်ကျန်ကြက်သွန်နီများသာအဝင်ရှိပြီး ဆိပ်ဖြူ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းဘက်မှသာ အဝင်ရှိနေသည်။ ဝင်ရောက်မှုမှာလည်း ယခင်လအဝင်ပိဿာချိန် ၃သောင်းခန့်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ခန့်အဝင်နည်းသွားပြီး သြဂုတ်လ၊ ဒုတိယအပတ်တွင် ပိဿာချိန် (၁)သောင်းခန့်သာ အဝင်ရှိနေသည်။ ဝင်ရောက်မှုရှိသောကြက်သွန်နီမှာ လက်ကျန်ကြက်သွန်နီများဖြစ်သဖြင့် အရည်အသွေးအနည်းငယ်မကောင်းသည့်အတွက် အရောင်းအဝယ်မသွက်ကြောင်းသိရပါသည်။ ဈေးနှုန်းမှာ ယခင်လ လက်လီ/လက်ကားဈေးနှုန်းမှာ (၂၅၀၀-၃၀၀၀) ကျပ်နှုန်းရှိခဲ့ပြီး ယခုဇူလိုင်လ နောက်ဆုံးပတ်ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၄၀၀/၂၃၀၀/၂၁၀၀) နှုန်းနှင့် လက်လီဈေးအသေးများတွင် ကျပ် (၂၈၀၀/၂၇၀၀-၂၆၀၀/၂၄၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)