Main menu

ပြည်ထောပတ်ပဲ ဈေးကွက်၌ ဈေးအမြင့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီသာရောင်းဝယ်မှုအဖြစ်များနေသော ပဲသီးံများထဲတွင် ထောပတ်ပဲသီးနှံအနေဖြင့် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရသောကြောင့် ပဲဈေးကွက်အတွင်း၌ ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ နှစ်အလိုက်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ရာတွင်လည်း ယခင်နှစ်များတွင် ထောပတ်ပဲသီးနှံဈေးနှုန်းများမှာ ကျပ် ၁သိန်းအောက်သာရရှိခဲ့ပြီး ယခင်နှစ်၌မူ ပဲတစ်တင်း ၉၈၀၀၀ကျပ်ဖြင့်သာရရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် ပဲတစ်တင်းလျှင် ၄၈၀၀၀ကျပ်ဖြင့်သာရှိခဲ့ပြီး ဈေးကွက်အတွင်းရှိ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအနိမ့်ဖြင့်သာရောင်းဝယ်ခဲ့ပြီး ၂၀၂၃ခုနှစ်မှစ၍ ပဲဈေးအားလုံးနီးပါး ဈေးများမြင့်တက်မှုရှိလာပြီး ထောပတ်ပဲသီးနှံမှာလည်း ဈေးနှုန်းများမြင့်တက်လာခဲ့သောကြောင့် ယခုနှစ်တွင်မူ ဈေးအမြင့်ဆုံးဖြင့် ဈေးကွက်၌ ရောင်းဝယ်နေခဲ့သည့် သီးနှံဖြစ်ကြောင်းသိရှိသည်။

DOCA(ပဲခူး)