ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိဈေးများနှင့် အသီးမျိုးစုံရောင်းချနေသော သစ်သီးဆိုင်များတွင် နာနတ်သီးအများအပြားရောင်းချနေကြောင်းတွေ့ရသည်။ နာနတ်သီးများကို ရှမ်းပြည်နယ်နှင့် မန္တလေးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမှ ကားရောက်သောနေရာအားလုံး၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ နာနတ်သီးမျိုးများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နာနတ်သီး၊ စဉ့်အင်နာနတ်၊ ပျားစပ်နာနတ်၊ အချိုအာမခံ နာနတ်၊ ပျားအရောနာနတ်ဟူ၍ ရောင်းချကြကြောင်းသိရပါသည်။ ကားကြီးတစ်စီးကို နာနတ်သီးအလုံးရေ (၇၀၀၀)ခန့်ပါကြောင်းသိရပါသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် နာနတ်သီးတစ်လုံးကို အလေးချိန် တစ်ပိဿာနှင့် သုံးဆယ်ကျပ်သားရှိ အလုံး(၁)လုံးကို (၁၅၀၀)ကျပ်ဖြင့်မှာယူနိုင်ကြောင်း၊ ပြည်မြို့ရှိသစ်သီးပွဲရုံများသို့ တစ်နေ့လျှင် နာနတ်သီးအလုံးရေ (၄၀၀ - ၅၀၀)လုံးခန့်ဝင်ရောက်ကြောင်း၊ ဝင်ရောက်လာသောနာနတ်သီးများကို လက်လီရောင်းချသည့်အသီးဆိုင်များအား တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်းသိရှိှိရသည်။
DOCA(ပဲခူး)