Main menu

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့်ယခုနှစ် ပဲမျိုးစုံဈေးနှုန်းများနှိုင်းယှဉ်ခြင်း

Powered by Drupal

        ပြည်ကုန်စည်ဒိုင်တွင် ယခုအပတ်ဖြစ်သော သြဂုတ်လ၊ ဒုတိယအပတ်နှင့် ယခင်နှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲဈေးနှုန်းများအားနှိုင်းယှဉ်ကြည့်လျှင် ပဲဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရပါသည်။

မတ်ပဲ

         ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် မတ်ပဲတစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၅၀-၂၀၀) ခန့်ရှိခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ခန့်ရန်ကုန်အဝယ်ရှိနေနေသည်။ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တစ်တင်းကို ၃၂၅၀၀ကျပ်ခန့်ဖြင့်ယခုနှစ်တွင် ဈေးပိုရလာပါသည်။

ပဲတီစိမ်း

        ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ခန့်ရှိပါသည်။ ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၁၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၂၀၀ခန့်မန္တလေးအဝယ်ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲတစ်တင်းကို ၉၀၀၀ကျပ်ခန့်ဈေးပိုရလာပါသည်။

ပဲစင်းငုံ

        ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၃၀၀ခန့်ရှိခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင်  ပဲစင်းငုံတစ်တင်းကို ၁၃၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၃၀၀ခန့်ရှိပါသည်။ ထို့ကြောင့် ပဲတစ်တင်းကို ၃၃၀၀၀ကျပ်ခန့်ဖြင့် ယခုနှစ်၌ ဈေးပိုရလာပါသည်။

ကုလားပဲ

         ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၉၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၁၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၂၅၀-၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၈၅၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၆၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိလာခဲ့ပါသည်။ ကုလားပဲဈေးများမှာ ယခင်နှစ်တွင် ဈေးကောင်းရခဲ့ပြီး ယခုနှစ်တွင် ဈေးအနည်းကျဆင်းလာသည်ကိုတွေ့ရပါသည်။

ပဲကြီး

        ယခုနှစ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၉၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၄၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅၀ခန့်ရှိနေနေသည်။ ယခင်နှစ် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို  ၉၈၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၉၆၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၃၀၀ခန့်ရှိခဲ့ပါသည်။ ရွှေကျွန်းပဲတစ်တင်းကို ၉၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၁၂၀၀၀ကျပ်ခန့်ဖြင့် ယခင်နှစ်တွင် ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်ပဲ

        ယခင်နှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၅၈၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၀၀-၁၅၀) ခန့်ရှိခဲ့ပါသည်။ ယခုနှစ် ဘိုကိတ်ပဲတစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၁၅၀ခန့်ရှိနေနေသည်။ ဘိုကိတ်တစ်တင်းကို ၃၄၀၀၀ကျပ်ခန့်ဖြင့် ယခုနှစ်တွင် ဈေးပိုရလာပါသည်။

      ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဘိုကိတ်ဈေးမှာ ယခင်နှစ်ထက် ဈေးပိုကောင်းလာပြီး ကုလားပဲနှင့် ပဲကြီးမှာ ယခင်နှစ်တွင် ဈေးပိုကောင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)