Main menu

ဆီဆိုင်မြို့နယ်ထွက် နာနတ်သီးများ ဈေးကွက်သို့ ဝင်ရောက်လာ

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီဆိုင်မြို့နယ်မှ၊ဆိုက်ခေါင်ဒေသ၊ဘန်းယဉ်ဒေသနှင့်နမ့်ဆန်ဒေသ မှနာနတ်သီးများ ဩဂုတ်လအစပိုင်းတွင် အမြောက်အများထွက်ရှိလာပြီဖြစ်ပါသည်။ ဆိုက်ခေါင်ဒေသထွက် နာနတ်သီးများမှာ နှစ်စဉ်ထွက်ပေါ်ချိန်မှာပင် တောင်သူများဈေးကောင်းရလေ့ရှိပြီး အခြားဒေသထွက် နာနတ်သီးများထက် အလုံးကြီးခြင်း၊ အရသာထူးကဲခြင်းတို့ကြောင့်ဟု သိရှိရပါသည်။ ဆီဆိုင် မြို့နယ်၊ ဆိုက်ခေါင်ဒေသထွက် နာနတ်သီးအစိမ်းတစ်လုံးလျှင် (၃၀၀၀)ကျပ် ဈေးရနေကြောင်းနှင့် နမ့်ဆန်နာနတ်သီး အစိမ်းတစ်လုံးလျှင် (၂၀၀၀)ကျပ်  ဈေးရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။ ရှမ်း (တောင်) ဒေသထွက်နာနတ်သီးများသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ ဈေးကွက်သို့ နေ့စဉ်တင်ပို့စီးဆင်းလျက်ရှိကြောင်း၊ တောင်သူတွက်ခြေကိုက် ဈေးရရှိနေသော သီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။  

DOCA(ရှမ်း)