Main menu

ပေါ်ဦးပေါ်ဖျား ရာသီစာတောင်ပို့မှို

Powered by Drupal

   ပြည်ဈေးကွက်အတွင်း ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ရာသီစာတောင်ပို့မှိုများ ပြည်မြို့အနောက်ဘက်ကမ်းမှ စတင်ဝင်ရောက်မှုရှိလာကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဝင်ရောက်မှုမှာ (၇)ရက်လျှင် (၄၀)ကျပ်သားခန့်သာအဝင်ရှိနေပြီး ရာသီစာရှားရှားပါးပါးဖြစ်သောကြောင့် အဝင်ရှိသလောက် အရောင်းအဝယ်ရှိကြောင်းသိရပါသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် ဈေးနှုန်းမှာ မြို့ပေါ်ဈေးများ၌ တောင်ပို့မှို (၁၀)ကျပ်သားလျှင် ကျပ်(၃၀၀၀-၃၅၀၀) နှုန်းဖြင့်ရောင်းချလျက်ရှိသဖြင့် ဈေးနှုန်းမှာကြီးမြင့်လျက်ရှိကြောင်းသိရပြီး နှစ်စဉ်ဝါတွင်းကာလတွင်သာပေါ်ထွက်လေ့ရှိသော ရာသီစာဖြစ်သည့်အတွက် စားသုံးသူများက ဈေးကြီးသော််််လည်း အဝယ်လိုက်ကာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)