Main menu

ပြည်ခရိုင်အတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များအဆင့်မြှင့်တင်ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Powered by Drupal

      မြန်မာနိုင်ငံသည် ယခုအခါတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိပါသည်။ မြို့ရွာများတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပြီး ပြည်ပဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်လာကာ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေလည်းရရှိနိုင်မည်ဖြစ်ပါသည်။

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို တန်ဖိုးမြှင့်တိုးတက် ထုတ်လုပ်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရကလည်း ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် MSMEs လုပ်ငန်းရှင်ပေါင်း ၅၀ဦးကျော်ရှိပြီး ပြည်မြို့နယ်တွင် ၃၀ဦးကျော်၊ ရွှေတောင်မြို့နယ်တွင် ၁၀ဦးကျော်၊ ပန်းတောင်းမြို့နယ်တွင် ၂ဦး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၀ဦးကျော်ရှိပါသည်။ ပြည်မြို့နယ်အနေဖြင့် စားသောက်ကုန်လုပ်ငန်းများဖြစ်သော နွားနို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီ၊ မလိုင်လုံး၊ မလိုင်ခဲ၊ ဒိန်ချဉ်လုပ်ငန်းများရှိကြောင်း၊ သဘာဝသစ်သီးများဖြစ်သော ကတွက်သီး၊ သရက်သီး၊ မရန်းသီး၊ ဆီးသီး၊ ချဉ်ပေါင်ဖူး စသည့်အသီးများအား ယိုများပြုလုပ်၍ရောင်းချခြင်းအပြင် ချဉ်ပေါင်ဖူးကို ဂျယ်လီ၊ ချဉ်ပေါင်ဖူးဖျော်ရည်များကိုလည်းထုတ်လုပ်ရောင်းချရန် တီထွင်စမ်းသပ်နေပါသည်။ ထို့ပြင် ထမင်းသုပ်လုပ်ငန်းများကို တစ်ဆင့်မြှင့်တင်ပြီး တစ်ခါစားအထုပ်များထုတ်လုပ်၍ရောင်းချခြင်း၊ ရှားစောင်းလက်ပတ်ယိုပြုလုပ်ခြင်း၊ မြေပဲယို၊ နှမ်းယိုများပြုလုပ်ခြင်း၊ ငရုတ်သီးအား အလှော်မှုန့်၊ အကြမ်းမှုန့်၊ အရောင်တင်မှုန့်များအပြင် ကုလားပဲကိုခွဲကြမ်းပြုလုပ်ပြီး ထိုမှတစ်ဆင့် ပဲမှုန့်၊ အကြော်မှုန့်များပြုလုပ်၍ရောင်းချခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ကြပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အချိန်ကုန်လူပင်ပန်းသက်သာစေရန်အတွက် လယ်ယာများတွင် အသုံးပြုရန်  ကောက်စိုက်စက်၊ မြေဩဇာချစက်၊ ကြံစိုက်စက်များထုတ်လုပ်နိုင်သည့်အပြင် ပဲမျိုးစေ့ချ စက်နှင့် မတ်ပဲရိတ်စက်များကို ထပ်မံထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေကြပါသည်။ ့ပြင် လယ်ယာများတွင် စပါးနှင့်ပဲအထွက်နှုန်းကောင်းမွန်ရန်အတွက်အသုံးပြုရန် သဘာဝမြေဩဇာများထုတ်လုပ်သည့် လုပ်ငန်းများလည်းရှိပါသည်။ လူအသုံးအဆောင်ပစ္စည်းများဖြစ်သော ဆပ်ပြာဆီကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ထိုမှတစ်ဆင့် အသင့်သုံးဆပ်ပြာဆီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ မျက်နှာသစ်ဆပ်ပြာများထုတ်လုပ်သော လုပ်ငန်းရှင်ပေါင်းများစွာရှိပါသည်။

         ရွှေတောင်မြို့နယ်၏ လူအသုံးအဆောင်ဖြစ်သော ဝတ်စားဆင်ယင်မှုအနေဖြင့် မြန်မာ့ရိုးရာချည်ထည်လုပ်ငန်းပေါင်းမြောက်မြားစွာရှိပြီး စည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့်ရှိကြောင်းသိရပါသည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ရက်လုပ်ရောင်းချသည့် စက်ရက်ကန်းများ၊ လက်ရက်ကန်းများမှ အဆင့်မြှင့်ထုတ်ကုန် ၂/၁၀၀ချည်၊ ၂/၈၀ချည်များထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများရှိကြောင်း၊ စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်ထမင်းသုပ်များကို အသင့်စားသုံး၍ရပြီး တစ်ခါစားထမင်းသုပ်အထုပ်များအား အဆင့်ီပါကင်ထုပ်များထုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချသောလုပ်ငန်းများလည်းရှိပါသည်။ ့ပြင် အစာကြေဆေး များအဖြစ် ဆင်တုံးမနွယ်၊ ရှောက်ပေါင်း၊ ရှောက်တောင့်များပြုလုပ်၍ရောင်းချကြပြီး လူ့အသုံးအဆောင်ပစ္စည်းများဖြစ်သော ဝါးမှတစ်ဆင့် ဝါးကုလားထိုင်၊ ထန်းကုလားထိုင်များအပြင် တစ်နိုင်တစ်ပိုင်ခမောက်လုပ်ငန်းများလုပ်ကိုင်သည့် လုပ်ငန်းများလည်းရှိပါသည်။

         ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံအများဆုံးစိုက်ပျိုးသောမြို့နယ်ဖြစ်ပြီး ဝါသီးနှံလည်း စိုက်ပျိုးခြင်း၊ နှမ်းနှင့်မြေပဲများကိုလည်းစိုက်ပျိုးသည့် မြို့နယ်ဖြစ်သည့်အတွက် ထိုသီးနှံများမှတစ်ဆင့် စားသောက်ကုန်များထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များရှိသည့်အပြင် အဝတ်အထည်လုပ်ငန်းများဖြစ်သော ရိုးရာချည်ထည်များကိုလည်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များလည်းရှိပါသည်။ ကြံသီးနှံကိုအခြေခံ၍ ကြံမှ တစ်ဆင့်မြှင့်ထုတ်ကုန်ဖြစ်သော သကြားအပြင်၊ ကြံမွ၊ မြေပဲကြံသကာ၊ မြေပဲယို၊ နှမ်းယို၊ မြေပဲဆားလှော်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြပါသည်။

       ထိုသို့ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသော ပြည်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အဆင့်မြှင့်တင်၍ ထုတ်လုပ်ကာ ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များ၌ ရောင်းချမည်ဆိုပါက လူအများပိုမိုသိရှိပြီး ရောင်းအားမြင့်တက်၍ ပြည်တွင်းဈေးကွက်သာမကဘဲ ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်ဝင်ရောက်နိုင်၍ လူမှုစီးပွားရေးဘဝတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။ ့ပြင် စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်လာနိုင်မည်ဆိုပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းလာနိုင်ပြီး အမှိုက်ထဲမှ ရွှေဖြစ်မည်ဖြစ်ပါသည်။ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ရရှိနိုင်သောကောင်းကျိုးများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်မားခြင်း၊ လူနေမှုအဆင့်အတန်းများ တိုးတက်ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီမြုပ်နှံမှုများကြောင့် နိုင်ငံခြားဝင်ငွေရရှိလာနိုင်ခြင်း စသည့်ကောင်းကျိုးများရရှိလာနိုင်မည်ဖြစ်ပါသည်။

       ယခင်က ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ရခြင်းမှာ တစ်ဦးခြင်းဝင်ငွေရရှိမှုနည်းပါးခြင်းလည်းပါဝင်ပါသည်။ ယခုအခါတွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများပါဝင်မှုကြောင့် လုပ်ငန်းစီမံကိန်းအသစ်များတိုးချဲ့ပြုလုပ်လာနိုင်ကြသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက်များပြားလာကြမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူလာကြရာမှ စီးပွားဖြစ်စိုက်ပျိုးမွေးမြူလာကြသဖြင့် ဝင်ငွေများ များပြားလာကြပါသည်။ ထို့အတူ စက်မှုလက်မှုလုပ်ငန်းများလည်း ပိုမိုထုတ်လုပ်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ရောင်းချနိုင်ခြင်းဖြင့်လည်း ဝင်ငွေများစွာရရှိလာကြပါသည်။ ထိုကဲ့သို့ တစ်ဦးချင်းဝင်ငွေများ များပြားလာသည့်အတွက် ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုအဆင့်အတန်းများမှအစ မြင့်မားလာနိုင်မည်ဖြစ်ပါသည်။

    ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း၊ စနစ်တကျထုပ်ပိုးနိုင်ပါက နိုင်ငံခြားအထိ ကုန်ပစ္စည်းများထိုးဖောက်ဝင်ရောက်လာနိုင်မည်ဖြစ်၍ မိမိတို့အနေဖြင့်လည်း ဝင်ငွေများတိုးတက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ပြည်ပဝင်ငွေများရရှိလာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)