Main menu

မိုးအစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ အစေ့ထုတ်ပြောင်း (၁၀၉၇၂) ဧက၊ ဖူးစားပြောင်း (၄၇၇၇) ဧက၊ စုစုပေါင်း (၁၅၇၄၉) ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ အစေ့ထုတ်ပြောင်း (၃၁၃၀) ဧက၊ ဖူးစားပြောင်း (၁၇၃၆) ဧက၊ မိုင်းခတ်မြို့၌ အစေ့ထုတ်ပြောင်း (၃၁၈၅) ဧက၊ ဖူးစားပြောင်း (၁၄၂၆) ဧက၊ မိုင်းပျဉ်းမြို့၌ အစေ့ထုတ်ပြောင်း (၃၄၉၄) ဧက၊ ဖူးစားပြောင်း (၆၅၄) ဧက၊ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ၁၅-၇-၂၀၂၄ ရက်နေ့ စိုက်ပျိုးရေးဦစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

     ယခုနှစ် ပြောင်းသီးနှံလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ပြောင်းသီးနှံသည်ပြည်တွင်း/ပြည်ပ စီးပွားရေးဈေးကွက်သီးနှံဖြစ်သောကြောင့် မျိုးကောင်း၊ မျိုးသန့်သွင်းအားစုများ စနစ်တကျ ထည့်သွင်းပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ခံစားရပြီး မိသားစု အပိုဝင်ငွေရရှိနိုင်ရန်အတွက် အိမ်ခြံမြေဝင်းအတွင်း၌သော်လည်းကောင်း၊ ဥယျာဉ်ခြံမြေများ၌သော်လည်းကောင်း၊ သီးညှပ်အဖြစ်သော်လည်းကောင်း စိုက်ပျိုးခြင်းကြောင့် တောင်သူများ ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)