Main menu

အိမ်ရှင်မများအတွက် ဟင်းတစ်ခွက်(ဂျူးဖူး)

Powered by Drupal

    ဂျူးပင်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ပေါ်ဒေသများဖြစ်သည့် ပင်းတယ၊ အောင်ပန်းနှင့် ပင်လောင်း(နောင်တရား)မြို့များတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ကျန်ဒေသများတွင် တပိုင်တနိုင်စိုက်ပျိုး ကြပါသည်။ ဂျူးပင်သည် ကြက်သွန်မျိုးစိတ်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ ဂျူးပင်၏ အမြစ်ဖြစ်တဲ့ ဂျူးမြစ်ကို စားသုံးလို့ရသလို ဂျူးပင်၏အဖူးဖြစ်တဲ့ ဂျူးဖူးကိုလည်း သက်သတ်လွတ် (သို့) အသား/ ငါးနှင့်လည်း ဟင်းချက်စားနိုင်ပါတယ်။ ရှမ်းဒေသတွင် ဟင်းထုပ်ကို ဂျူးဖူးနှင့်ပေါင်းစားကြပါသေးသည်။ ဂျူးဖူးမှာဆိုရင် အမျှင်ဓာတ်၊ သံဓာတ်၊ အင်တီအောက်ဆီးဒင့်နှင့် ဗီတာမင်ဓာတ်များစွာပါဝင်သဖြင့် ကျန်းမာရေးလည်း အထောက်အကူပြုကြောင်းသိရှိရပါသည်။

      ယခုအခါ ဂျူးဖူးမှာလှိုင်လှိုင်ပေါ်သည့် အချိန်ရောက်ပြီဖြစ်သဖြင့် ဈေးနှုန်းမှာလည်း အသင့်အတင့်ရောင်းချနေကြောင်းနှင့် ဂျူးဖူးတစ်စည်း (လက်ဆုပ်စည်း)လျှင် ၆၀၀/- မှ ၈၀၀/- ကျပ်ရရှိကြောင်း သိရှိရပါတယ်။ သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူချက်ပြုတ်နိုင်သော ဟင်းတစ်မယ်လည်းရ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တဲ့အတွက် ရာသီစာဟင်းတစ်မယ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(ရှမ်း)