Main menu

ယခင်နှစ်ထက်ဈေးကောင်းရနေသော ဧရာဒေသထွက်ကွမ်းသီးနု(အရည်သောက်) ဈေးကွက်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း အများဆုံးစိုက်ပျိုးလျက်ရှိသော ကွမ်သီးအနု(အရည်သောက်) ဈေးနှုန်းမှာ ယခင်နှစ်တစ်ပိဿာလျှင် ကျပ်၃၃၀ဝိ/-ဈေးနှုန်းသာရှိ၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်၁၀၆၀ဝိ/-ဈေးရရှိသဖြင့် ကွမ်းသီးစိုက်ပျိုးသောတောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊၊

     ကွမ်းသီးအနုထွက်ရှိချိန် မတ်လ၊ ဧပြီလတွင် ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်မှုရှိသော်လည်း ဇွန်လ၊ ဇူလိုင်လများတွင် အသီးလှိုင်လှိုင်ဝင်၍ ဩဂုတ်လရောက်လျှင် ကွမ်းသီးအနုမထွက်ရှိသောကြောင့် အရောင်းအဝယ်ရာသီပြီးဆုံးသွားကြောင်း၊ ကွမ်းသီးအနုထွက်ရှိချိန် တရုတ်ဝယ်လက်များက မြောင်းမြမြို့သို့လာရောက်၍ မြို့ပေါ်တွင် ကိုယ်စားလှယ်ထားရှိပြီး အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူ၍ ကျေးရွာများရှိ လက်လီဒိုင်ခွဲများမှ  လာရောက်ရောင်းချလျက်ရှိကြောင်းသိရသည်၊၊

      ကွမ်းသီးအနုဝယ်ယူရာတွင် ကွမ်းသီးအဝိုင်းဝယ်ယူမှုမရှိဘဲ ဒေသအခေါ် ဥဘဲချွန်း၊ ကပ်ချွန်း၊ မျှောချွန်းပုံစံရှိပြီး အလေးချိန် ၁၉ဂရမ်နှင့် ၃၇ဂရမ်ကြားရှိသော ကွမ်းသီးအစိမ်းရောင်အနုကိုသာဝယ်ယူပြီး အဝါ‌ရောင်ရှိသောကွမ်းသီးများကို ဝယ်ယူမှုမရှိကြောင်း ကွမ်းသီးအနုအရောင်းအဝယ်ဖြစ်သည့်ကာလများတွင် ကွမ်းပင်တက်သောဒေသခံများမှာ မြောင်းမြမြို့ပေါ်နှင့် ပုသိမ်၊ အခြားမြို့နယ်များသို့ ကွမ်းစိုက်ပျိုးသောတောင်သူများ၏ စိုက်ခင်းများသို့ ဈေးကွက်ဝင်သော ကွမ်းသီးအနုများကို လိုက်လံဝယ်ယူကာ လက်လီအဝယ်ဒိုင်ခွဲများသို့ လာရောက်ရောင်းချလျက် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်နေ့ဝင်ငွေ ကျပ်သောင်းဂဏန်းရနေကြောင်းသိရသည်၊၊

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွမ်းသီးစိုက်ဧက ၂၁၈၆၂ဧကရှိပြီး မြောင်းမြမြို့နယ်တွင် ၃၅၆၉ဧကစိုက်ပျိုးလျက် တရုတ်ဈေးကွက်အတွက် မြောင်းမြကွမ်းသီးမှာ ဝယ်လိုအားရှိ၍ ကြိုက်နှစ်သက်မှုရှိသောကြောင့် မြောင်းမြမြို့မှာ ကွမ်းသီးအဓိကအရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်ဖြစ်ကြောင်း၊ မြောင်းမြဝန်းကျင်ကျေးရွာများတွင် လက်လီအဝယ်ဒိုင်ခွဲ ၃၀ခန့်ရှိပြီး ပျဉ်းမချောင်းကျေးရွာအဝယ်ဒိုင်မှ ဝယ်ယူထားသောကွမ်းသီးအနုများကို တစ်အိတ်လျှင် ပိဿာ ၃၀ထည့်သွင်းပြီး ဇူလိုင်လအတွင်း တစ်နေ့လျှင် အိတ်ရေ (၂၀ /၃၀) နှင့်အထက် မြောင်းမြအဝယ်ဒိုင်သို့တင်ပို့လျက်ရှိကြောင်း ဒိုင်မှဝယ်ယူထားသောကွမ်းသီးများကို ပြည်ပသို့တင်ပို့မှုရှိကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)