Main menu

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီ ၂၃ပေပါ (သို့) ပိဿာ၂၅၃၀သည် ရန်ကုန်မြို့မှ 6L-9377 မော်တော်ယာဥ်ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှသိရှိရပါသည်။ 

DOCA(တနင်္သာရီ)